Thursday, November 10, 2011

လမင်းသို့

လမင်းသို့
တစ်နေ့နေ့မှာပေါ့
ကံကောင်းထောက်မတ်စွာ
ငါ အချစ်တွေ ကို
နင့်ယုံကြည်မယ်ဆိုရင်
ငါ ဘာမဆို ပေးဆပ်ရဲတယ်.........။
ဘ၀ဟာခဏတာဆိုတာလည်
ငါ..................သိပါတယ်
ဒါပေမယ့် ...........
ငါ ရင်ထဲ ကနင့်ကို ချစ်တဲ့အချစ်တွေ က
ခဏတာ မဟုတ်ဘဲ
တစ်ဘ၀စာရည်ရွယ်ခဲ့တယ်ဆိုတာ
နင့်နားလည် လက်ခံစေချင်တယ်..........။
ငါရင်ထဲ က သစ္စာ စကားပါ
ချစ်ရပါသော လမင်းရယ်
အာဒံရဲ့နံရိုးတစ်ချောင်းဟာ
ဧ၀ဆိုရင်တော့
ပျောက်ဆုံးနေတဲ့ ငါရဲ့နံရိုးတစ်ချောင်း
လမင်းပဲ ဖြစ်မှာပါ.........။
ငါရင်ခုန်မူးရစ်ပါရစေတော့
ချစ်သောလမင်းရယ်.........။

                                    ကြယ်တာရာ

No comments:

Post a Comment