ဆုံတွေ့ဖို့ရာ ခက်ခဲတဲ့
တစ်မြို့တနယ်စီမှာ
ခြားနားထားတဲ့ မိုင်တိုင် တွေ နဲ့
အနေဝေးလို့ သွေးအေးမသွားဘဲ
ငါနှလုံးသားထဲမှာ နင့်သာ
စိုးမိုးသိမ်း ပိုက်ထားဆဲပါ ချစ်သူ
အလွမ်းပန်းတွေ ပွင့်တယ် တဲ့
လမင်းကြီးမသာသာ သာသာ
ငါရင် ထဲ က နင့် လွမ်းမိတာ
ကြယ်စဉ်တာရာတွေ သာ အသိဆုံးပါ
ငါနေတဲ့ မြို့လေးထဲမှာ
နင့် ရှိမနေပေမယ့်လည်
ငါရင်ထဲမှာတော့
နင့် အမြဲတမ်းရှိနေတယ်ဆို
ငါရဲ့ ထာဝရသစ္စာ စကားပါ
ကြယ်တာရာ
No comments:
Post a Comment