Thursday, June 14, 2012

တစ်နေ့ တစ်ရက် မတွေ့ရရင်
အဲဒီနေ့ရက်ရဲ့ ည ဟာ
ငါ အတွက် အိပ်ရေးပျက်စေတဲ့
ညလေးပေါ့....................။

     အိပ်ရေးပျက်တဲ့ နေ့ည များကင်းဝေးပါစေ။။      ။။
                           ****ကြယ်တာရာ****

Wednesday, June 13, 2012

@ဝေးကွာနေတဲ့ နင့် နဲ့ ငါ  @
ဟိုးကမ္ဘာ မြေပြင် အပြင်ဘက် က
ကြယ်စင်တာရာတွေ ရဲ့ အလင်းရောင်တောင်
ကမ္ဘာမြေပြင်ပေါ်ကို ကျရောက်သေးတာပဲ
အဲဒါတွေနဲ့ ရှင်ရင်
ဝေးကွာနေတယ်ဆိုတဲ့ နင့်နဲ့ ငါဟာ
နီးနီးလေးပါ ချစ်သူ
ငါယုံကြည် တယ်
လူဆိုတာ စိတ်ချင်းဆက်သွယ်ထားကျတယ်ဆိုတာ
ဘယ်ဘက်ရင်အုပ်ကို ဖိလို့
ရွတ်ဆိုနေတဲ့ ငါရဲ့ သတိတရအလွမ်းခြင်း ဂါထာတွေကို
ချစ်သောသူ မင်းလေးရဲ့
နားနဲ့ စိတ်အာရုံမှာကြားယောင်မယ်ဆိုတာ ................
          
                         
  သင့်ရင်ထဲ က ပြောချင်သောစကားများ သင့်ချစ်သောသူကြားနိုင်ပါစေ။ ။
              
                  **** ကြယ်တာရာ ******

Wednesday, November 23, 2011

အခုတင်ထားတဲ့ ပုံလေးလို့ပေါ့ ဟာ နင့်ရဲ့ အချစ် ကို ကလေးငယ်လေးတစ်ယောက်လို့ အော်ဟစ်ငိုကြွေးပြီးတောင်းခံမှ ရရှိမယ်ဆိုရင်လည် ငါအော်ဟစ်ငိုကြွေးပေးတောင်းခံချင်တယ် ။

ဟိုးအဝေးကြီးကမ္ဘာပြင် အပြင်ဘက်က ကြယ်စင်တာရာတွေနဲ့ လမင်းကြီးရဲ့ အလင်းရောင်တွေတောင်မှာ ကမ္ဘာမြေကြီးပေါ်ရောက်ရှိလာသေးတယ် ငါရင်ထဲ က အချစ် က နင်ရင်ထဲ ကို မရောက်တာ ဘာကြောင့်လည် ဟာ။       ။


 ကန်ရေပြင်မှာ လရိပ်ထင်တာ က တကယ်သာတယ်လို့ထင်ပြီး ယူမိသလို့ ပဲ နင့် ရဲ့ ခဏတာ မာယာ အချစ် ကို ငါတကယ် ထင်ခဲ့မိတယ်။           ။
တစ်ချိန်ချိန်မှာ နင့် ငါကို ထားရစ်ခဲ့မယ် ဆိုတာ ကြိုတွေးမိပေမယ် တကယ်တမ်း နင့် ထားခဲ့တော့ ငါကြေကွဲရတယ် ။           ။



Thursday, November 10, 2011

G.talkသူ (5)

G.talkသူ (5)
G.talk သူ
သိပ္ပံပညာရှင်တွေ က ပြောကြတယ်
Internet ပေါ်တဲ့ အချိန် က နေစပြီး
ကမ္ဘာ ကြီးဟာ ရွာဖြစ်သွားပြီးတဲ့
ဒါဆိုရင် နင့် နဲ့ ငါက
တစ်နိုင်ငံထဲ မှာ အတူတူနေပြီး
အပြင်လက်တွေ့ဘ၀မှာ
နင့်မျက်နှာလေး ကို
မတွေ့နိုင်သေးတဲ့ ငါအဖြစ်
ဘယ်လောက်ဆိုးလိုက်သလဲ ဟာ .....။ ။
G.talk သူ
ငါကို မိုက်မဲသူလို့ပဲ ပြောပြော
G.talk ပေါ်မှာ နင့်မရှိတဲ့ အချိန်
ငါ ဘယ် သူနဲ့ မချက်ချင်ဘူး
သူငယ်ချင်းတွေကလည်ပြောကြတယ်
မင်း က အိမ်မက်ထဲ မှာ
နန်းတော်ဆောက်နေတာ တဲ့
G.talk သူ ရယ်
ငါအဖြစ် က သူတို့ပြောနေသလို့မျိုး
လေထဲ မှာ နန်းတော်ဆောက်နေတယ်ဆိုရင်တောင်
အဲဒီနန်းတော် ဟာ နင့်အတွက်ရည်စူးပြီး
တည်ဆောက်ခဲ့တယ်ဆို တာ
နင့်ယုံကြည်ပေးပါ G.talk သူ....။   ။  
                                                        ကြယ်တာရာ

G.talk သူ(4)

G.talk သူ(4)
“အလွမ်း”ဆိုတာကြားဖူးနေကြစကားမို့
အဆန်းတကျယ်တော့ မဟုတ်ပေမယ့်
ရေမြေခြားလို့ဝေးကွာတာ မို့
တမ်းတ က မှန်းစပြီးလွမ်းနေမိသူ
ငါ အတွက် .....
G.talk သူရယ် ............
“အလွမ်း”ဆိုတာ ငါရင် ကို
ပရမ်းပတာ နဲ့ ပူလောင်းခြင်းတွေ
ဆောင်နှင်းပေးသူပေါ့ ........။
တွေ့ဆုံနေကြအချိန်
G.talk ပေါ် မှာ
နင့်Acc မရှိရင်
ဘယ်အချိန်မြန်း နင့်ရဲ့
Acc တက်လာလေမလည်လို့
မျှော်လင့်မိတာ ကလည်
ငါရင်ရင်ခုန်သံ နဲ့ ထပ်တူ ပါ...........။             ။



                                                                       ကြယ်တာရာ

@အရိပ်တစ္ဆေ @

@အရိပ်တစ္ဆေ @
ငါရဲ့ အမြင် အာရုံ
ငါ ရဲ့ အကြား အာရုံတွေ ဟာ
ချွတ်ယွန်းနေပြီးထင်တယ်ဟာ
ငါ မှာ ကောင်မလေး တွေ့တိုင်းလည်
နင့်မြန်း လာ လို့ လိုက် ကြည့်နေမိတယ်
လေတိုးသံကြားတိုင်း လည်
နင့်စကားပြောသံလားလို့
ပတ်ဝန်း ကျင်မှာလိုက်ရှာ နေမိတယ်.........။
ငါနေတဲ့အညတရဘ၀သမားတွေ နေတဲ့
မြို့ငယ်လေး ထဲ မှာ
နင့်မရှိဘူးဆိုတာ သိနေပေမယ့်
နင့် ကို မြန်းတွေ့လေမလား လို့ လိုက်ရှာ မတာကလည်
အကြိုမိကြိုမ် အခါခါ............
နင့်ယုံကြည့်ပေးပါ
ငါရင် ထဲ က ထာဝစဉ်သာလင်းနေတဲ့
လမင်းငယ် ရယ်.......
ညည ဆိုရင် ငါမှာ
နင့် ကိုဘယ်လောက်ထိ
ရူးသွပ်နေစွာ လွမ်းနေမိတယ် ဆိုတဲ့
အကြောင်းတွေ ကို ကောင်းကင်ထက်က
လမင်ကြီး ကို ပြောပြေနေမိလို့
လမင်းကြီးတောင် နားတွေညီးလို့
ငါမတွေ့အောင် တိမ်တိုက်တွေထဲ ကို
ပြေးပုန်လို့ နေတက်ပြီး............။   ။