Thursday, November 10, 2011


မျှော်လင့်ချက်
မျှော်လင့်ချက်ဆိုတာ
စောင့်မျှော်သူကို ပင်ပန်းစေတယ်တဲ့
ပင်ပန်းပြီး စိတ်မော ရတာကို သိရဲ့နဲ့
နင့် အချစ်ကို မျှော်လင့်မိတဲ့
ငါကိုရူးမိုက်သူဆိုရင်လည်
ငါရူးသွပ်စွာနဲ့  မျှော်လင့်နေအုန်းမှာ
ရင်တထိတ်ထတ်နဲ့
အောင်စရင်းကို စောင့်မျှော်နေတဲ့
ကျောင်းသားတစ်ယောက်ရဲ့
ခံစားချက်လို့မျိုး
ကံကြမ္မာ ငါဘက်မှာ ပါဖို့
ဆုတွေတောင်းဆိုနေမိတာ ကလည်
အကြိမ်ကြိမ်အခါခါ
တကယ်ပါ ...ကောင်မလေးရာ်
နင့် ကို ငါချစ်တယ်
ယုံတမ်းစကားတွေနဲ့
ပုံပြောကောင်းတယ်လို့
နင့်အထင်လွဲမှာ ငါအကြောက်ဆုံးပါ ။         ။

                                                      ကြယ်တာရာ(ညောင်ဦး)

No comments:

Post a Comment